☘ဖြူဖြူ့ရဲ့ ၂၀၁၈ သင်္ကြန်မှတ်တမ်း🍀
ဖြူဖြူ့အဆိုတော်သက်တမ်း(၁၅)နှစ်အတွင်းပြည်နယ်သင်္ကြန်ကိုဆင်နွှဲဖူးတာဒီနှစ်ပထမဆုံးပါပဲ။ အရင်နှစ်တွေက တော့မန္တလေးနဲ့ရန်ကုန်မှာပဲသင်္ကြန်ကျခဲ့ဖူးပါတယ်။
ဒီနှစ်အတွေ့အကြုံအရဒီနှစ်သင်္ကြန်ရဲ့အဓိကထူးခြားချက်ကဂီတပါ။ သွားလေရာမဏ္ဍပ်ကြီးငယ် (ရွာမဏ္ဍပ်လေး တွေပါတစ်ခုမကျန်) EDM နဲ့ DJ Music ဖွင့်ပြီး Rave ကြတာဆိုတာကိုယ်တောင်ကားထဲကနေလိုက်ပြီး Rave နေမိတယ်😁
ပြီးတော့တွေးမိတယ်🤔...
တော်ပါသေးရဲ့...ငါ့နှယ် Water Party လေးတစ်ပုဒ်ရယ်၊ 2016 ကထွက်ထားတဲ့ April Fool ကိုယ်ပိုင်သံစဉ် EDM mini album လေးတစ်ချပ်ရယ်၊ Lancifer တို့နဲ့ဆိုထားတဲ့ Miracle လေးတစ်ပုဒ်ရယ်၊ ကိုသော် (DJ Thaw Thaw) တို့နဲ့ Bella Music Festival မှာတည်းက version မြှင့်ထားမိတဲ့ကိုယ့် သီချင်းလေးတွေရှိလို့ရယ်...သင်္ကြန်တစ်တွင်းလုံးပရိသတ်တွေနဲ့တင့်တင့်တယ်တယ်အမီလိုက်ဒွန့်နိုင်သွားတယ်ရယ်လို့😁😋
ဖြူဖြူ့ရဲ့ ၂၀၁၈ သင်္ကြန်နယူးဗားရှင်းအတွက်ဂီတပိုင်းကူ ညီပံ့ပိုးပေးလိုက်တဲ့ကိုသော် #DJThawThaw နဲ့ #DJSaiSai ကိုစူပါကျေးကျေးပါလို့😍😍
၂၀၁၅ ကတည်းက "သမီးဖြူဖြူရေ...ဒီသီချင်းလေး ဆိုကြည့်ပါလား" ဆိုပြီးWater Party နဲ့ EDM ပိုးစသွင်းပေးခဲ့တဲ့ကိုရွှေ #ShweJorJor ကိုလည်းစူပါကျေးကျေးပါ😊
ချစ်သူမြိုင်မဏ္ဍပ်မှာနေ့ရောညပါ Rock & Rave ချင်တဲ့ဖြူဖြူ့ဒေါသကို😁ဝိုင်းပြီးမီးမွှေးယတ်ခတ်ပေးကြတဲ့ #Triangle တီးဝိုင်းနဲ့ #DJAlien ကိုလည်းကျေးကျေးကမ္ဘာပါ😊
သင်္ကြန်နောက်ဆုံးရက်အတက်နေ့မှာအဝေးကြီးကနေတကူးတကအရောက်လာပြီးမေတ္တာနဲ့သီဆိုတီးခတ်ဖျော်ဖြေပေးတဲ့ #Lancifer နဲ့ DJ #OhFrikk ကိုလည်း Thanks a million!😘
ဒီနှစ် "Raving ဖူဖူ" ရဲ့ဖက်ရှင်၊တင်ဆက်မှုနဲ့လုံခြုံရေးပိုင်း တာဝန်ယူပေးကြတဲ့ဒီဇိုင်နာ #HenryZ #NyoNyoThein #JokeLay #APPyaeSone #HsuLaeHtun တို့ကိုလည်းကျေးကျေးစူပါပါ😍
သင်္ကြန်တစ်တွင်းလုံးဖျော်ဖြေဖို့ဖိတ်ခေါ်တဲ့ဘားအံ #ချစ်သူမြိုင်အပန်းဖြေစခန်း မိသားစုကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်😊
အထူးသဖြင့်တော့သင်္ကြန်တစ်တွင်းလုံးနေပူပူရေရွှဲရွှဲမှာမမောမပန်းဘဲလာရောက်အားပေးကြတဲ့ချစ်ပရိသတ်ပတ်ကညောအမျိုးတွေအားလုံးကိုစူပါ့စူပါတာဘလုပါလို့😍
ယအယ်နား!!😘😘
#Phyuphyukyawthein #2018UltimateVersion #RockNRave
同時也有10000部Youtube影片,追蹤數超過62萬的網紅Bryan Wee,也在其Youtube影片中提到,...