ခရမ်းရောင်လေးနဲ့မတ်မတ်ဖြူ💜💜💜
ခရမ်းရောင် အစက်ကလေးအကြောင်းသိပြီးကြပြီလား..???🟣
နိုဝင်ဘာ၈ရက် ရွေးကောက်ပွဲမှာ ပါတီအစုံကနေ အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတေရဲ့ ၁၆%က ဖြူတို့လို အမျိုးသမီးတွေပါတဲ့နော် 💪🥰။
Wow! တကယ့်ကို bravo ပါပဲ ၊အမျိုးသမီးတွေ ရွေးကောက်ပွဲဝင်မယ်၊ လွှတ်တော်ထဲရောက်မယ် ဆိုရင်ဘယ်လောက်တောင် အားဖြစ်လိုက်မလဲ။ ဘာလို့ဆို ကိုယ်တွေတိုင်းပြည် ရဲ့ လူဦးရေ ထက်ဝက်ကျော်က အမျိုးသမီးတွေလေ။ ခုခေတ်မှာ အမျိုးသမီးတွေ ဆရာဝန်လုပ်တာ၊ အင်ဂျင်နီယာလုပ်တာ၊ ကားမောင်းတာ ၊အဆိုတော်လုပ်တာ မဆန်းတော့ပေမယ့် ..အင်း...နိုင်ငံရေးမှာပါဝင်မယ်၊ အမတ်လောင်းလုပ်မယ်ဆိုရင်တော့ အတိုက်အခံလေးတွေ၊ ခွဲခြားတာတွေ ၊အထင်မကြီးချင်တာတွေ အတော်လေးရှိနေသေးတယ်နော်။ ဒီလိုကြားထဲက ဝင်ပြိုင်မယ့် အစ်မတွေ၊ညီမတွေ ကို အားပေးတဲ့အနေနဲ့ ခရမ်းရောင်လေးဝတ်ပြီး ဝန်းရံတာပါလို့ 💜💜💜။
Lady အမတ်လောင်းတွေကို အမျိုးသားတွေနည်းတူ ကိုယ်စိတ်လုံခြုံစွာနဲ့ ဝင်ပြီးယှဉ်ပြိုင်နိုင်ဖို့ စိတ်ခွန်အားလေးပေးချင်တယ်ဆိုရင်တော့ ဖြူဖြူ့လို ခရမ်းရောင်ဝတ် photo မန့်လေး ဖြစ်ဖြစ်၊ ခရမ်းရောင် အစက်လေးတွေ၊အသည်းလေးတွေ ဖြစ်ဖြစ် မန့်ပေး ကြရအောင်လားနော် 💜💜💜။ ပို့စ်လေးကို ရှယ်ပေးသွားလည်းရပါတယ်နော်။
#UseYourVoice2020
#တို့အသံတွေနဲ့ပံ့ပိုးမယ်၂၀၂၀ သည်မည်သည့် နိုင်ငံရေးအဖွဲ့အစည်းနှင့်မျှ ပတ်သက်ခြင်းမရှိပါ။
📸 Kyaw Shwe Min(DIOR By Heart)
👗 Joke Lay
useyourvoice2020 在 Phyu Phyu Kyaw Thein Facebook 八卦
ယူတို့ရဲ့ မတ်မတ်ဖြူဟာဖြင့် နက်ဖြန် နိုဝင်ဘာ(၈)ရက်ရွေးကောက်ပွဲအတွက် မနက် ၅ နာရီထဖို့ နှိုးစက်ပေးထားပါပြီနော်💪💜။ မဲရုံဖွင့်တာ မနက် ၆ နာရီဆိုတော့ ချက်ချင်းပြေးပေးချင်လို့ 😁 (မရဘူးဖလူဖလူက အိုဗာတင်းတယ် 😜)။
ဟုတ်တယ်လေ...မိန်းကလေးတွေကို ဉာဏ်မမှီ၊ဆုံးဖြတ်နိုင်စွမ်းမရှိဘူးဆိုပြီး မဲပေးခွင့် မပြုခဲ့တာ ပြင်သစ်နိုင်ငံမှာ ၁၉၄၄ ခုနှစ်ထိတဲ့။ ကဲ...ကိုယ်တွေ ခုဘယ်လောက်ကံကောင်းသလဲ 🥰။
ဒီထက်ပိုထူးတာက ခုဆို အမျိုးသမီးကိုယ်စားလှယ်လောင်းတွေလည်းပါတီအစုံကနေ ဝင်အရွေးခံနေကြပြီ 💪💜။ ထုံးစံအတိုင်း အမျိုးသမီးတွေဆိုတာ ခုလို အရေးပါတဲ့ နေရာတွေမှာ နေရာမရသင့်ဘူးဆိုပြီး ရှေးရိုးစွဲနဲ့ တိုက်ခိုက် အထင်သေးတာတွေတော့ရှိနေသေးတာပေါ့လေ။
ဖြူဖြူကတော့ မိန်းမ ယောက်ျား ဆိုတဲ့ Gender ထက်၊ ကိုယ်စားလှယ်လောင်းရဲ့ နိုင်ငံရေးခံယူချက်နဲ့ အရည်အချင်းကပဲ အဓိက လို့ယုံတယ်။ နက်ဖြန်မဲပေးတဲ့အခါလည်း မိန်းမယောက်ျားဆိုတာထက် လုပ်ရည်ကိုင်ရည်နဲ့ နိုင်ငံရေးရပ်တည်ချက် ပေါ်မူတည်ပြီးတော့ပဲ မဲပေးဖို့ ဆုံးဖြတ်ထားတယ်။
နက်ဖြန်ဝင်အရွေးခံမယ့် ပါတီအစုံက lady အမတ်လောင်းတွေအားလုံး ကို အမျိုးသားအမတ်လောင်းတွေနည်းတူ ကိုယ်စိတ် လုံခြုံ စွာနဲ့ ယှဉ်ပြိုင်ခွင့်ရဖို့ ခရမ်းရောင် အစက်ရင်ထိုးလေးနဲ့ ဖြူဖြူ ဒီကနေဝန်းရံလိုက်ပါတယ်နော်💜💜💜။
ချစ်တို့လည်း မန့်မှာ Fighting Ladies ဆိုပြီး ခရမ်းရောင် စက်ကလေးတွေ မန့်သွားပေးလို့ရပါတယ်နော် 💜💜💜။
#UseYourVoice2020
#တို့အသံနဲ့ပံ့ပိုးမယ်၂၀၂၀ သည်မည်သည့်နိုင်ငံရေးအဖွဲ့အစည်းနှင့်မျှပတ်သက်ခြင်းမရှိပါ။
📸 Kyaw Shwe Min(DIOR By Heart)
👗 Pinky Fashion
useyourvoice2020 在 Phyu Phyu Kyaw Thein Facebook 八卦
ချစ်တို့ရေ🥰...
အမုန်းတွေကင်းဝေးပြီး တန်းတူညီမျှတဲ့ရွေးကောက်ပွဲတစ်ခုဖြစ်စေဖို့ “ဒို့အသံတွေနဲ့ပံ့ပိုးမယ်၂၀၂၀” ကမ်းပိန်းရဲ့“ပံ့ပိုးသူတို့ရဲ့နံရံ” မှာဖြူဖြူ့ရဲ့အသံနဲ့ ပံ့ပိုးထားတာလေးကို သွားကြည့်ပေးကြပါဦးနော်😇
လျစ်လျူမရှုပဲတာဝန်သိတတ်တဲ့ချစ်တို့အားလုံးလည်း ဟော့ဒီလင့်ခ်လေး https://www.useyourvoice2020.org/wall-of-support ကဝင်ပြီး ဖြူဖြူနဲ့တူတူပါဝင်ပံ့ပိုးပေးလို့ရပါတယ်နော်🙏
ဖြူတို့အားလုံးသာလျစ်လျူမရှုထားပဲ တူတူပါ၀င်ကြမယ်ဆိုရင် အမျိုးသမီးကိုယ်စားလှယ်လောင်းတွေကို တိုက်ခိုက်နေတဲ့ သတင်းတု၊ သတင်းမှားနဲ့ အမုန်းတွေကို ရပ်တန့်နိုင်မှာပါ😇ပြီးရင်ကိုယ့် facebook ပေါ်ကိုပြန်လည်မျှဝေပြီး ကိုယ့်ပတ်၀န်းကျင်ကသူတွေအားလုံးတူတူပါ၀င်လာအောင် လည်းတိုက်တွန်းလိုက်ပါဦးနော်😘
🟣 #UseYourVoice2020 #ဒို့အသံတွေနဲ့ပံ့ပိုးမယ်၂၀၂၀
“ဒို့အသံတွေနဲ့ပံ့ပိုးမယ် ၂၀၂၀” သည် မည်သည့် နိုင်ငံရေးအဖွဲ့အစည်းနှင့်မျှ ပတ်သက်ခြင်းမရှိပါ။
#ဒို့အသံတွေနဲ့ပံ့ပိုးမယ်၂၀၂၀